ကိုဗစ်-၁၉ ကာကွယ်ရေး ပိုမိုလုပ်ဆောင်ရန် ပြင်သစ်ကျောင်းဆရာများ တောင်းဆို

2K
ပြင်သစ်ကျောင်းဆရာတွေ မြို့တော်ပါရီမှာ နိုဝင်ဘာ ၁၀ ရက်က စုရုံးခဲ့ကြပြီး ကျောင်းတွေမှာ ကျင့်သုံးရမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို ပိုပြီး ချမှတ် အကောင်ထည်ဖော်ဖို့ ဆော်သြခဲ့ကြပါတယ်။
အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေက ဆရာတွေဟာ ကူးစက်မှုကို ရှောင်ရှားဖို့ သူတို့ စာသင်ခန်းတွေက ကျောင်းသားဦးရေကို ထက်ဝက် လျှော့ချစေချင်နေတာပါ။
ဒီဇင်ဘာ ၁ ရက်နေ့ထိ လူတွေ အိမ်ထဲမှာပဲနေကြဖို့ ပြင်သစ် အစိုးရက အမိန့်ထုတ်ထားပါတယ်။ တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့တားမြစ်ထားတာလည်း ဒုတိယပတ်ထဲ ရောက်လာပါပြီ။
ပြင်သစ်ဟာ နွေဦးရာသီတုန်းက ပထမဆုံး အသွားအလာ ကန့်သတ်ချက်နဲ့ မတူဘဲ ဒုတိယလှိုင်းအတွင်း ကျောင်းတွေကို ဆက်ဖွင့်ထားမှာပါ။
အသက် ၆ နှစ်အောက် ကလေးတွေက တချိန်လုံး ပါးစပ် နှာခေါင်းစည်းကို တချိန်လုံး ဝတ်ထားခဲ့ကြပါတယ်။