ဆေးလ်ဗားနှင့် ကာဗာနီတို့ကို ထွက်ခွာခွင့်ပြုခဲ့မှု အမှားဖြစ်နိုင်ဟု ပီအက်စ်ဂျီ ဒါရိုက်တာ ပြော

212
သီယာဂိုဆေးလ်ဗားနဲ့ ကာဗာနီတို့ကို ထွက်ခွာခွင့်ပေးခဲ့တာက အမှားတခု လုပ်ခဲ့တာလို့ ပြောနိုင်ကြောင်း ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက ပြောပါတယ်။
သီယာဂိုဆေးလ်ဗားက ချဲလ်ဆီး၊ ကာဗာနီက မန်ယူအသင်းတွေဆီ ပြောင်းရွှေ့ခဲ့ကြတာပါ။ သူတို့နှစ်ဦးကို အသင်းကနေ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာက ဘဏ္ဍာရေးဆိုင်ရာနဲ့ တခြား အထွေထွေပြဿနာတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
အသက် ၃၆ နှစ်ရှိ ဘရာဇီး နောက်ခံလူ ဆေးလ်ဗားဟာ ချဲလ်ဆီးနည်းပြ လမ်းပတ်နဲ့ အဆင်ပြေနေပြီး ပရီးမီးယားလိဂ် ၅ ပွဲအထိ ကစားပေးထားပါတယ်။
အသက် ၃၃ နှစ်ရှိတဲ့ ဘရာဇီး နောက်ခံလူ လုဇစ်ဟာာလည်း ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။