Home
မြန်မာသတင်း
အာရှနိုင်ငံအချို့တွင် DUMEX နို့မှုန့်များ ပြန်သိမ်း
DVB
·
August 7, 2013
နယူးဇီလန်အခြေစိုက် ဖွန်တာရာ(Fontera)ကုမ္ပဏီက သူတို့ထုတ်လုပ်တဲ့ နို့ပရိုတိန်းထဲမှာ ကလေးတွေကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတမျိုး ပါဝင်နေတယ်လို့ တရားဝင် ထုတ်ပြန် လိုက်ပါတယ်။ ဖွန်တာရာ ကုမ္ပဏီထုတ် နို့ပရိုတိန်းကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ နို့မှုန်တံဆိပ်တွေကို တရုတ်နိုင်ငံမှာ တားမြစ်လိုက်ပြီး ဩဂုတ် ၄ ရက်နေ့မှာတော့ ဆိုင်တွေပေါ်ကနေ ပြန်သိမ်းခဲ့ပါတယ်။ ပြန်သိမ်းတဲ့ နို့မှုန့်တံဆိပ်တွေထဲမှာ ကာရီကဲယား (Karicare) တံဆိပ်နဲ့ ဒူးမက်စ် (Dumex) တံဆိပ်တွေ ပါဝင်ပါတယ်။ ဩဂုတ် ၅ ရက်နေ့မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာလည်း ဒူးမက်စ်တံဆိပ် နို့မှုန့်ထုပ်တွေကို ဆိုင်တွေပေါ်က ပြန်လည် သိမ်းဆည်းခဲ့တယ်လို့ အေဂျင်စီသတင်းတွေက ဆိုပါတယ်။ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံမှာ ဒူးမက်စ်တံဆိပ် နို့မှုန့်အားလုံးကို သိမ်းတာမဟုတ်ဘဲ တချို့နံပါတ်တွေကိုသာ သိမ်းဆည်းတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဒူးမက်စ်နို့မှုန့်ကိုယ်စားလှယ်ကတော့ သူတို့ဖြန့်ချိရောင်းချတဲ့ နို့မှုန့်ထဲမှာ ဖွန်တာရာကုမ္ပဏီက ၀န်ခံထားတဲ့ ဘက်တီးရီးယားပိုးပါတဲ့ နို့ပရိုတိန်း မပါဝင်ကြောင်း စာ ထုတ်ပြန်ထားပါတယ်။ အခု တွေ့ရှိတဲ့ ဘက်တီးရီးယားပိုး ပါဝင်တဲ့နို့မှုန့်ကို စားသုံးရင် စားသုံးမိတဲ့ ကလေးဟာ သွက်ချာပါဒဝေဒနာကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ စင်ကာပူတွင် ပြန်သိမ်းသည့် ဒျူးမက်က်စ် နို့မှုန့် နံပါတ်များ (၁) FGMG2RG0900TNSG29 06043R1(၂) FGMG2RG1600TNSG29 06053R1 မလေးရှားမှာ ပြန်သိမ်းတဲ့ ဒျူးမက်က်စ်နို့မှုန့်  နံပါတ်များ Dumex Dupro Step 2 with batch numbers 04263B2, 04273B2, 05033B2, 05093B2, 05153B2, 05223B2, 05233B2, 05143T1, 05153B1, 04263B1, 04273B1, 04273B2, 05033B1, 05033B2, 05093B1, 05093B2, 05153B1, 05153B2, 05223B1, 05223B2 and 05233B1; Mamex Cherish Step 1 with batch numbers 06103T1, 06213B1, 06213B2, 06053R1, 06123R1, 06093T1 and 06213B1; Mamex Explore Step 2 with batch numbers 06093T1, 06123R1, 06213B1 and 06213B2; Bebelac Step 2 with batch numbers 05023R1 and 05033R1;  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024