ရှစ်လေးလုံး သမိုင်းဝင် မှတ်တမ်းဓာတ်ပုံထဲက ဒေါက်တာဝင်းဇော်နှင့် မေးမြန်းချက်
DVB
·
August 7, 2014
၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံလှုပ်ရှားမှုဟာ အခုဆို ၂၆ နှစ်ပြည့် ငွေရတုတိုင်ခဲ့ပြီဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်း တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားနဲ့ ပြည်သူတွေကို စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
အဲဒီအချိန်တုန်းက သေဆုံးဒဏ်ရာရခဲ့တဲ့ သူတွေကို ရန်ကုန်ဆေးရုံကြီးက ဆရာဝန်တွေက အရေးပေါ်ကားနဲ့ လိုက်လံကယ်ဆယ်ကူညီခဲ့ပါတယ်။
အဲဒီထဲက သမိုင်းမှတ်တမ်းဝင် ဓာတ်ပုံတပုံထဲမှာ ပါတဲ့ ဒေါက်တာဝင်းဇော်ကို ဒီဗွီဘီသတင်းထောက် အောင်ထွန်းမြင့်က ပြီးခဲ့တဲ့ ၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်အဖြစ် တွေ့ဆုံမေးမြန်းထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ရုပ်သံ ရှုစားရန်
အသံဖြင့် နားဆင်ရန်