အမေရိကန် ကာကွယ်ရေးဝန်ကြီးကို ရာထူးကထုတ်ပယ်

FILE PHOTO: U.S. President Donald Trump listens to Secretary of Defense Mark Esper address the daily White House coronavirus response briefing with members of the administration's coronavirus task force at the White House in Washington, U.S., March 18, 2020. REUTERS/Jonathan Ernst/File Photo
638
အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။
အဲဒီနောက် အမျိုးသားတန်ပြန် အကြမ်းဖက်မှုဗဟိုညွှန်မှူး ခရစ္စတိုဖာမီလာကို ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် ချက်ချင်းခန့်အပ်သွားမယ်လို့ သမ္မတထရမ့်က တွစ်တာမှာ ရေးသားပါတယ်။
သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ရှုံးနိမ့်တဲ့အပေါ်မှာ ဝန်ခံပြောကြားတာ မရှိပါဘူး။
ဒါ့အပြင် သမ္မတထရမ့်ရဲ့ မဲဆွယ်အဖွဲ့က ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ မရေတွက်ရသေးတဲ့ တရားဝင်မဲတွေကို ရေတွက်ဖို့လည်း နိုဝင်ဘာလ ၉ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
နောက်ပြီး ရွေးကောက်ပွဲမှာ မသမာတာရှိတယ်ဆိုပြီး ဥပဒေကြောင်းအရ တရားစွဲဆိုဖို့လည်း လုပ်ဆောင်နေပါတယ်။ ဥပဒေကျွမ်းကျင်သူတွေကတော့ တရားစွဲဆိုမှုတွေဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖွယ် မရှိဘူးလို့ ပြောဆိုထားပါတယ်။