ဖျာပုံမြို့နယ်တွင် အန်အယ်လ်ဒီပါတီက နေရာအားလုံးအနိုင်ရ
DVB
·
November 10, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက မဲဆန္ဒနယ် နေရာအားလုံး အနိုင်ရရှိခဲ့တယ်လို့ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဖျာပုံမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၅)မှာ ဦးသန်းဆောင်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ဦးဘိုဘိုမင်းဇော်၊ တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ်မြေမှာ ဒေါ်ပြုံးပြုံးအေး၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ်မြေမှာ ဦးသိမ်းဆွေတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အားလုံး အနိုင်ရရှိခဲ့တာပါ။
ရွေးကောက်ပွဲ မဲရလဒ် အပြည့်အစုံကိုတော့ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံး ကြော်ငြာသင်ပုန်းမှာကပ်ပြီး ထုတ်ပြန်ခဲ့တာပါ။
ဖျာပုံမြို့နယ်မှာ အန်အယ်လ်ဒီပါတီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှာ ဂါ့မိုးမြတ်မြတ်သူ၊ ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာ ဦးဝင်းသန်းတို့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
သတင်း - ကျော်စိုးမိုး