အမေရိကန် သမ္မတရွေးကောက်ပွဲ မူမမှန်မှု စွပ်စွဲချက်များကို စုံစမ်းရန် ခွင့်ပြု

FILE PHOTO: U.S. Attorney General William Barr participates in a roundtable discussion about human trafficking at the U.S. Attorney's Office in Atlanta, Georgia, U.S., September 21, 2020. REUTERS/Elijah Nouvelage/File Photo
444
အမေရိကန် သမ္မတရွေးကောက်ပွဲ မဲပေးရာမှာနဲ့ မဲဇယားဖော်ပြရာမှာ မူမမှန်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှု အများအပြားကို စုံစမ်းဖို့ ဖက်ဒရယ်အစိုးရရှေ့နေတွေကို ရှေ့နေချုပ် ဝီလီယမ်ဘားက နိုဝင်ဘာ ၉ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။
အစိုးရရှေ့နေတွေဆီ ရှေ့နေချုပ်ဘား ပေးပို့တဲ့စာက ရွေးကောက်ပွဲမှာ မဲလိမ်မှု ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ ထပ်တလဲလဲ ပြောဆိုချက်ကို ဘားက ပထမဆုံးအကြိမ် ဖြေရှင်းလိုက်တာပါ။
ဒါဟာ ရီပတ်ဘလီကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ်မက်ကွန်နယ်နဲ့ ရှေ့နေချုပ်ဘားတို့ တွေ့ဆုံပြီး နာရီပေါင်းအတော်အကြာမှာ ပေါ်ထွက်လာတာပါ။
မစ်ချ်မက်ကွန်နယ်က သမ္မတထရမ့်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မမှန်ကန်တာတွေနဲ့ ပတ်သက်လို့ စုံစမ်းပိုင်ခွင့်ရှိတယ်ဆိုပြီး အစောပိုင်းမှာ ပြောဆိုထားပါတယ်။