Live
Home
မြန်မာသတင်း
ရွေးကောက်ပွဲအောင်မြင်စွာပြီးဆုံးခဲ့ပြီဟု တပ်မတော်ထုတ်ပြန် 
အောင်သူ
·
November 10, 2020
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့  သတင်းထုတ်ပြန်ပါတယ်။  အခုကျင်းပတဲ့ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒနဲ့ထွက်ပေါ်လာခဲ့တဲ့ ရလဒ်ကို လက်ခံရမှာဖြစ်ပြီး အဲဒီရလဒ်ကို ဘယ်လိုမှ ငြင်းပယ်လို့မရဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာ ပြောဆိုခဲ့ပါတယ်။  ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလတွေအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၆၃၉ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။  လက်ရှိမြေပြင်မဲရလဒ်အခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ လွှတ်တော်နေရာ ၃၂၂ နေရာကို ကျော်လွန်အနိုင်ရရှိခဲ့ပြီးလို့ အန်အယ်လ်ဒီ ပါတီတာဝန်ရှိသူက ပြောထားပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရလဒ်တွေကို စတင်ကြေညာနေပြီဖြစ်ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024