မကွေးတိုင်းတွင် မင်းဘူးက ၁၆ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄၂ ဦး ထပ်မံတွေ့ရှိ
DVB
·
November 10, 2020
မကွေးတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၂ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး မင်းဘူးမြို့နယ်က ၁၆ ဦးနဲ့ အများဆုံး တွေ့ရှိခဲ့တယ်လို့ တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
အတည်ပြုလူနာသစ်တွေကတော့ မင်းဘူးမြို့မှာ ၁၆ ဦး၊ ပခုက္ကူ ၆ ယောက်၊ စလင်း ၅ ယောက်၊ ပွင့်ဖြူနဲ့ မြိုင်မြို့နယ် ၄ ယောက်စီ၊ နတ်မောက် ၂ ယောက်၊ သရက် ၂ ယောက်၊ မကွေးနဲ့ အောင်လံမြို့နယ် ၁ ယောက်စီ၊ ဆိပ်ဖြူမြို့နယ်က ၁ ယောက် စုစုပေါင်း ၄၂ ဦး တွေ့ရှိခဲ့တာပါ။
ပိုးတွေ့လူနာသစ်တွေထဲမှာ မကွေးက ၁ ဦးနဲ့ နတ်မောက် ၁ ဦးတို့ဟာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိသူတွေဖြစ်ပြီး ကျန်လူနာတွေကတော့ ရန်ကုန်နဲ့ မန္တလေးက ပြန်လာသူတွေဖြစ်ကာ ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်ထးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၄၇ ယောက်ရှိပြီး ဆေးရုံဆင်းခွင့်ရသူက ၆၄၇ ယောက်နဲ့ သေဆုံးသူ ၂ ယောက်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေကနေ ပိုးတွေ့လူနာ ထပ်တိုးတွေ့ရှိလာတာကြောင့် ပြည်သူများအနေနဲ့ အထူးဂရုပြု ဆင်ခြင်ကြဖို့၊ ကျန်းမာရေးဌာန ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ- မကွေးတိုင်းကျန်းမာရေးဦးစီးဌာနဖေ့စ်ဘွတ်ခ်