Home
မြန်မာသတင်း
ဘားအံတွင် ဝန်ကြီးချုပ်အပါအဝင် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းများ အနိုင်ရ
DVB
·
November 9, 2020
ကရင်ပြည်နယ်၊ မြို့တော်ဘားအံမှာ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ မဲအများစုနဲ့ အနိုင်ရတယ်လို့ ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ညနေ ၃ နာရီက တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ ကနေ ကိုယ်စားလှယ်လောင်းအဖြစ် လက်ရှိ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကြီး ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီက ဒုတိယမဲအများဆုံး ရရှိခဲ့ကြတာပါ။ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ဝင်‌ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်ဟာ ရပ်ကွက် ကျေးရွာပေါင်း ၅၀ အုပ်စုရှိပြီး  မဲရုံပေါင်း ၁၁၅ ရုံမှာ ရွေးကောက်ပွဲကျင်းပခဲ့တာမှာ မဲအရေအတွက် ၅၇,၀၀၀ ကျော်နဲ့ မဲအများဆုံးရရှိအနိုင်ရတာပါ။ ဒုတိယမဲအများဆုံးဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်သစ်ပါတီက ဒေါ်စေးအွာက မဲအရေအတွက် ၁၃၀၀၀ ကျော်ရရှိခဲ့ပါတယ်။ ဘားအံမြို့နယ်မှာ မဲပေးပိုင်းခွင့်ရှိသူ ၃၆၀,၀၀၀ ကျော်ရှိပြီး၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံပေါင်း ၂၃၀ ဖွင့်လှစ်ပြီး နိုင်ငံရေး ပါတီ ၁၂ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အယောက် ၇၀ ဝင်ပြိုင်ခဲ့ကြတာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခဲ့တဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်‌ဟောင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024