လားရှိုးမြို့နယ်မဲဆန္ဒနယ်တွင် အန်အယ်လ်ဒီပါတီက ၃ နေရာ အနိုင်ရ
ခွန်ဇော်ဦး
·
November 9, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိခဲ့တယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးစိုင်းမြင့်မောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ပါတီက ပြည်နယ်နှစ်နေရာနဲ့ ပြည်သူ့နေရာတစ်နေရာကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိပါတယ်။ အမျိုးသားလွှတ်တော်နေရာကတော့ လားရှိုးမြို့နယ်မှာ မဲရလဒ်ကောင်းပေးမယ့် တခြားမြို့နယ်တွေမှာ အားနည်းတယ်။”
လက်ရှိ အနိုင်ရတဲ့ လားရှိုးမဲဆနန္ဒနယ် (၃) နေရာမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နေရာလည်း ပါဝင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လားရှိုးမဲဆန္ဒနယ်က အနိုင်ရတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။