Home
သတင်းဓာတ်ပုံ
ရေးမြို့နယ်တစ်ခုလုံး မွန်ညီညွတ်ရေးပါတီ အနိုင်ရရှိ (ဓာတ်ပုံ)
DVB
·
November 9, 2020
မွန်ပြည်နယ် ရေးမြို့နယ်မှာ ဝင်ရောက်ယှည်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေထဲမျာ မွန်ညီညွတ်ရေးပါတီ (MUP) က လွှတ်တော် ၃ ရပ်လုံး အနိုင်ရရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ရရှိတယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဗညားအောင်မိုး (၆၂၈၃၈ မဲ)၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆) ကိုယ်စားလှယ်လောင်း နိုင်သီဟ  (၂၅၈၈၁ မဲ)၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၇) ကိုယ်စားလှယ်လောင်း မိလဝီဟန်  (၃၂၅၈၈ မဲ)၊ ပြည်နယ်လွှတ်တော်အမှတ်(၁) ကိုယ်စားလှယ်လောင်း နိုင်ခင်စိုး  (၃၀၇၄၀ မဲ)၊ ပြည်နယ် လွှတ်တော်အမှတ်(၂) ကိုယ်စားလှယ် မင်းအောင်ထူး ၃၂၉၇၇ မဲနဲ့ အသီးသီးအနိုင် ရရှိခဲ့ပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်တွင် မဲရုံ ၁၃၀ ရုံမဲပေးခွင့်ရှိသူ ၂၃၅၅၉၂ လာရောက်မဲပေးသူ ၁၂၃၃၂၄ ဦးကြောင်း သိရပါတယ်။ Photo - Eant Hmu Ma Har / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024