Homeမြန်မာသတင်း
ကိုဗစ်လူနာသစ်စာရင်းတွင် ရန်ကုန် ၆၉၈ ဦး၊ မန္တလေးနှင့်ဧရာဝတီက ၁၁၁ ဦးစီဖြင့် အများဆုံးတွေ့
ကိုဗစ်လူနာသစ်စာရင်းတွင် ရန်ကုန် ၆၉၈ ဦး၊ မန္တလေးနှင့်ဧရာဝတီက ၁၁၁ ဦးစီဖြင့် အများဆုံးတွေ့
DVB
·
November 9, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၀၂၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၆၉၈ ယောက်၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေက ၁၁၁ ယောက်စီနဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၃ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာ ၈၃ ယောက်၊ မရမ်းကုန်း ၇၈ ယောက်၊ သင်္ဃန်းကျွန်းအယောက် ၇၀ စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၁ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၆ ခုမှာ ၁၁၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ ၁၁၁ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၁ ခုမှာ ၃၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၃၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၇ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၆ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ ၄ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ၁ ယောက်စီအသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၆၇ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၆၁,၃၇၇ ယောက်၊ သေဆုံးသူ ၁,၄၂၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၅,၇၅၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၆ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၅ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။