A d v e r t i s e m e n t With Us

မွန်ညီညွတ်ရေးပါတီ မွန်ပြည်နယ်တွင် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းနီးပါးအနိုင်ရနေ 

မွန်ညီညွတ်ရေးပါတီဟာ မွန်ပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း နီးပါးအထိ အနိုင်ရသွားပြီလို့  ပါတီအောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ ၄၅ နေရာကို နိုင်ငံရေးပါတီ ၁၆ ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။ လက်ရှိမှာတော့ လွှတ်တော် နေရာ ၄၅ နေရာကို နိုင်ငံရေးပါတီ ၂ ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ကသာ အနိုင်ရထားတာပါ။ လက်ရှိမှာတော့ မွန်ပြည်နယ်ရဲ့ ကိုယ်စားလှယ်နေရာ အားလုံးမဲရေတွက်မှု ပြီးစီးသွားတဲ့ အနေအထားမှာ ပါတီအနေနဲ့ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း နီးပါးအထိ အနိုင်ရသွားပြီးလို့ မွန်ညီညွတ်ရေး ပါတီအောင်နိုင်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး နိုင်အောင်မွန်က  ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီဟာ ရေးမြို့နယ်မှာ ၅ နေရာ၊ မုဒုံမြို့နယ် ၃ နေရာ၊ ချောင်းဆုံ၊ ကျိုက်မရောနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ ၁ နေရာစီ စုစုပေါင်း ၁၁ နေရာ အနိုင်ရရှိထားတာပါ။ ဒါအပြင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် နေရာမှာလည်း အနိုင်ရဖို့ အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။ ရေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်မဲရုံတွေမှာတော့ အန်အယ်လ်ဒီပါတီဘက်က မဲအသာစီးနဲ့ အားကောင်းနေပေမယ့် ကျေးရွာဘက်မှာတော့ မွန်ညီညွတ်ပါတီက မဲရလဒ်ကောင်းတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မှုတွေရှိနေပါတယ်။ ရေးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့  ကျေးရွာ အုပ်စု ၄၄ အုပ်စုမှ မဲရုံ ၁၃၀ မှာ မဲ ရေတွက်လို့ ပြီးစီးသွားတဲ့ မဲစာရင်းတွေကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှာ လာရောက်ပေးပို့ ပြီး ကြသလို မဲရေတွက်လို့ မပြီးစီးသေးတဲ့ မဲရုံတွေလည်းရှိနေတာကြောင့် နောက်ဆုံး မဲစာရင်းတွေကို နိုဝင်ဘာ ၉ ရက်နေ့ မနက်အထိကို မဲစာရင်းရေတွက်နေရတုန်းလို့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေးမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၂၃၀,၀၀၀ လောက်ရှိပြီး နိုင်ငံရေးပါတီ ၆ ပါတီနဲ့ တစ်သီးပုဂ္ဂလိကတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ အနိုင်ရတဲ့ ကိုယ်စားလှယ်စာရင်း အတိအကျ မသိရသေးပေမယ့် မွန်ပြည်နယ်ရဲ့ မြို့နယ် ၅ မြို့နယ် စလုံးမှာ အပြတ်သတ် အနိုင်ရထားတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ်မှာတော့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်  အတည်ပြုမဲရလဒ်တွေအရ အန်အယ်လ်ဒီက ၆၄၈၆၃ မဲ၊ မွန်ညီညွတ်ရေးပါတီက ၂၇၇၂၉ မဲ နဲ့ ကြံ့ခိုင်ရေးပါတီကတော့  ၂၁၅၅၂ မဲ အနိုင်ရတယ်လို့  ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီဗွီဘီရဲ့စုံစမ်း မေးမြန်းထားမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ မွန်ပြည်နယ်ရဲ့ ကိုယ်စားလှယ်နေရာ ၄၅ နေရာမှာ ၃၄ နေရာအထိ အနိုင်ရထားကပြီး ထူးခြားမှုအနေနဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ ၊ ပေါင်နဲ့ မော်လမြိုင်မြို့နယ်တို့က အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းအားလုံး  အနိုင်ရထားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်နေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က  တရားဝင်ကြေညာ မှာသာ အတည်ပြုနိုင်မှာဖြစ်ပါတယ်။   ဇော်လွင်ထွဋ် ၊ နေမျိုးထွဋ် 

A d v e r t i s e m e n t With Us

More News
Up