ကော့မှူးတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်လ်ဒီ ကိုယ်စားလှယ်အားလုံးနိုင်
အာကာ
·
November 9, 2020
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂ ကရင်တိုင်းရင်းသားရေးရာနဲ့ ရခိုင်တိုင်းရင်းသားရေးရာတို့ရဲ့ မဲဆန္ဒနယ်အားလုံးကို အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိခဲ့ပါတယ်။
ကောမှူးမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈,၀၀၀ ကျော်ရှိပြီး ပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅ ဦး၊ တသီးပုဂ္ဂလ ၄ ဦး စုစုပေါင်း ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ကော့မှူးမြို့နယ်နဲ့ တွံတေးမြို့နယ်က အန်အယ်လ်ဒီ ပါတီဝန်းရံပြည်သူတွေ ဒီနေ့မနက် ၉ နာရီကျော်က စပြီး ကော့မှူးမြို့နယ်အတွင်း ကာတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်အောင်ပွဲခံနေ ကြပါတယ်။