Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ၉ ဦး အနိုင်ရထား
ပိုင်စိုး
·
November 9, 2020
လတ်တလောသိထားရတဲ့ မဲရလဒ်တွေအရ မွန်ပြည်နယ်ထဲမှာ ကိုယ်စားလှယ်လောင်း ၉ ယောက် အနိုင်ရထားတယ်လို့ မွန်ညီညွတ်ရေးပါတီအောင်နိုင်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ရေးမြို့နယ်မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်အပါအဝင် ကိုယ်စားလှယ်လောင်း ၅ ယောက်လုံးအနိုင်ရတယ်လို့ အောင်နိုင်ရေးအဖွဲ့အတွင်းရေးမှူး နိုင်သန်းရွှေက ပြောပါတယ်။ “တချို့မြို့နယ်တွေက စာရင်းတွေ မရသေးဘူး။ လတ်တလောသိထားရတဲ့ စာရင်းတွေအရ ကိုယ်စားလှယ်လောင်း ၉ ယောက် အနိုင်ရထားပါတယ်” လို့ ပြောပါတယ်။ ပါတီအနေနဲ့ ရန်ကုန်၊ ပဲခူးနဲ့ တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ ကိုယ်စားလှယ်လောင်း ၆၅ ယောက် ဝင်ရောက် ယှဉ်ပြိုင်ထားပါတယ်။ ရေးမြို့နယ်မှာ အမျိုးသားလွှတ်တော် ၂ ယောက်၊ ပြည်သူ့လွှတ်တော် ၁ ယောက်၊ ပြည်နယ် လွှတ်တော် ၂ ယောက် အနိုင်ရတာဖြစ်ပြီး သံဖြူဇရပ်မှာ ပြည်နယ် ၂ မဲဆန္ဒနယ်၊ မုဒုံမှာ ပြည်နယ် ၂ မဲဆန္ဒနယ်၊ ချောင်းဆုံမှာ ပြည်နယ် ၁ မဲဆန္ဒနယ်၊ ကျိုက်မရောမှာ ပြည်နယ် ၂ မဲဆန္ဒနယ်တို့ အနိုင်ရထားတယ်လို့ နိုင်သန်းရွှေက ပြောပါတယ်။ အဓိက ယှဉ်ပြိုင်ဘက်က အန်အယ်လ်ဒီဖြစ်ပြီး တချို့နေရာတွေမှာတော့ မွန်ပါတီက အပြတ်အသတ်နိုင်ခဲ့တာ ရှိတယ်လို့လည်း ပြောပါတယ်။ အခုရထားတဲ့ စာရင်းရလဒ်တွေဟာ ပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေဆီကတဆင့် သိရတာပဲဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူတွေနဲ့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်အတည်ပြု ထားတာတော့ မဟုတ်သေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024