ပန်းဘဲတန်းတွင် အန်အယ်လ်ဒီက လွှတ်တော်သုံးရပ်လုံး အနိုင်ရရှိ
သူဇာလင်း
·
November 9, 2020
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေက လွှတ်တော်သုံးရပ်လုံးမှာ အနိုင်ရရှိနေတယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ပြိုင်တဲ့ ဦးစည်သူမောင်က မဲအရေအတွက် ၁၂၈၈၂ မဲ၊ အမျိုးသားလွှတ်တော်မှာ ဦးမျိုးသိန်းက ၁၃၈၁၄ မဲနဲ့ တိုင်းဒေသကြီးလွှတ်တော် (၁) မှာ ဦးသန်းနိုင်ဦးက ၅၉၈၄ မဲ၊ တိုင်းဒေသကြီးလွှတ်တော် (၂) မှာ ဝင်ပြိုင်တဲ့ ဒေါ်စိုးပပလှိုင်က ၇၀၇၃ မှတ်နဲ အသီးသီး အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ပြိုင်ခဲ့တဲ့ မအိသဉ္ဇာမောင်ကတော့ မဲအရေအတွက် ၁၄၃၇ မဲရရှိခဲ့ပြီး အမျိုးသားလွှတ်တော်နေရာမှာ ပြည်သူ့ရှေ့ဆောင်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ဇေယျက မဲအရေအတွက် ၃၉၆ မဲ ရရှိခဲ့ပါတယ်။
ပန်းဘဲတန်းမြို့နယ်မှာ မဲဆန္ဒရှင်အယောက် ၂၅၀၀၀ ကျော် ရှိပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပန်းဘဲတန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရရှိထားပါတယ်။
သူဇာလင်း