ကြံခင်းမြို့နယ် မဲရုံအများစုတွင် အန်အယ်လ်ဒီ အနိုင်ရ
DVB
·
November 9, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲတွေကိုရေတွက်နေရာမှာ မဲရုံတော်တော်များများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက အနိုင်ရနေပါတယ်။
ကြံခင်းမြို့နယ်မှာ မဲရုံပေါင်း ၉၄ ရုံရှိတဲ့အနက် လက်ရှိ မဲရုံ ၈၀ ကျော်မှာ မဲတွေရေအတွက်အပြီးမှာ မဲရုံအားလုံးလိုလိုမှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေက အသာစီးနဲ့ အနိုင်ရရှိထားတယ်လို့ ပါတီအောင်နိုင်ကော်မတီဥက္ကဋ္ဌ ဦးသော်ဇင်ဝင်းက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင်မဲရလဒ်တွေကို ထုတ်ပြန်ကြေညာခြင်း မပြုသေးပါဘူး။
မင်းထက်မုန်း (ပုသိမ်)