ကယားပြည်နယ် လွိုင်ကော်တွင် ည ၁၁ နာရီအထိ အန်အယ်လ်ဒီ မဲအသာရနေ
နော်နိုရင်း
·
November 8, 2020
ကယားပြည်နယ်မှာ ဒီကနေ့ ည ၁၁ နာရီအထိ ရရှိထားတဲ့ မဲရလဒ်တွေအရ လွိုင်ကော်၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက မဲအသာရနေပါတယ်။
ဘောလခဲမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းက မဲအသာရနေပြီး ဖရူဆိုမြို့နယ်မှာတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP)က အသာရနေပါတယ်။ ရှားတောမြို့နယ်မှာတော့ ပြည်သူ့လွှတ်တော်နေရာမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ပါတီက အသာရနေပြီး အမျိုးသားလွှတ်တော်နေရာမှာတော့ အန်အယ်လ်ဒီပါတီက အသာရနေပါတယ်။
ပြည်နယ်လွှတ်တော်မှာတော့ အန်အယ်လ်ဒီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက အပြိုင်အဆိုင် ဖြစ်နေပေမယ့် ပြည်နယ်လွှတ်တော် အမှတ် ၂ မှာတော့ ကြံ့ခိုင်ရေးပါတီက တပ်မဲ အနိုင်ရရှိနေပါတယ်။ တသီးပုဂ္ဂလ ဝင်ပြိုင်တဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကတော့ ကပ်ပြီး ရှုံးသွားပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာလည်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ အန်အယ်လ်ဒီပါတီတို့ အပြိုင်အဆိုင်ရှိနေတယ်လို့ သိရပါတယ်။