Home
မြန်မာသတင်း
ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ မနမ်တူးဂျာ ရွေးကောက်ပွဲအနိုင်ရ
DVB
·
November 8, 2020
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှာ ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ အနိုင်ရတယ်လို့ ပါတီရုံး တာဝန်ရှိသူက ပြောပါတယ်။ ဒေါက်တာ မနမ်တူးဂျာဟာ အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ က ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ရေတွက်ပြီးမဲရလဒ်တွေအရ  ၃၃၆ မဲရရှိခဲ့ကာ ၊ အန်အယ်လ်ဒီက ၂၂၄ မဲ၊ ကြံ့ခိုင်ရေးက ၁၉၇ မဲ ရတယ်လို့ ဆိုပါတယ်။  ပါတီရုံးတာဝန်ရှိသူ ဦးနော်ကွမ်းက “အင်ဂျန်းယန် ပြည်သူ့လွှတ်တော်နေရာ ဝင်ပြိုင်တဲ့  ဦးလမိုင်နော်အောင်လည်း အနိုင်ရတယ်လို့ သိထားတယ်။ သူ့ရဲ့ မဲအရေအတွက်ကတော့ ရုံးအဖွဲ့ တွေ ဆီမှာပဲ ရှိသေးလို့ပါ။ သူတို့နေရာတွေက မဲရုံနည်းလို့ သိရတာ။ တခြားသူတွေတော့ မသိရ သေးဘူး” လို့ ပြောပါတယ်။ အခုရထားတဲ့ စာရင်းရလဒ်တွေဟာ ပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေဆီက တဆင့်သိရ တာပဲ ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူတွေနဲ့ ရွေးကောက်ပွဲကော်မရှင်က တရားဝင် အတည်ပြုထား တာတော့ မဟုတ်သေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024