A d v e r t i s e m e n t With Us

တာမွေ၊ မဂ္ဂင်လမ်း၊ မဲရုံ အမှတ် (၃) တွင် သမ္မတဦးဝင်းမြင့်အနိုင်ရ 

နိုင်ငံတော် သမ္မတဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်း မဂ္ဂင်လမ်း မဲရုံအမှတ် ၃ မှာ ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲရလဒ်တွေ  ရေတွက်အပြီးမှာ သမ္မတ ဦးဝင်းမြင့်က အနိုင်ရပါတယ်။ အဆိုပါမဲရုံမှာ ကြိုတင်မဲနဲ့ ဒီကနေ့ လာရောက်ပေးတဲ့ ပြည်သူ့လွှတ်တော် ဆန္ဒမဲရလဒ်အရ   ဦးဝင်းမြင့် NLD က  ၇၄၂ မဲ  ၊ ဦးမျိုးဝင်းကျော် USDP.က  ၃၅ မဲ ၊ ဦးမျိုးမင်းထွန်း  UBP.က  ၃ မဲနဲ့ ဒေါ်လှကေသီဝင်း(ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ) က  ၃ မဲ၊ ဒေါ်ချိုချိုလွင် (အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ) က  ၂ နဲ့ ပယ်မဲ  ၃ မဲရရှိပါတယ်။ သတင်း- ထက်ဝေအောင် 

A d v e r t i s e m e n t With Us

More News
Up