ဂျပန်အိမ်ရှေ့မင်းသား နန်းမွေဆက်ခံသူ ဖြစ်လာ

713
ဂျပန်အိမ်ရှေ့မင်းသား အာကီရှီနိုကို နန်းမွေဆက်ခံသူအဖြစ် နိုဝင်ဘာ ၈ ရက်က တရားဝင် ကြေညာလိုက်ပါတယ်။
ဒါဟာ သူ့ရဲ့အစ်ကို ဧကရာဇ် နာရူဟီတိုရဲ့ နန်းတက်ပွဲ ကျင်းပခဲ့ပြီးနောက် နောက်ဆုံးကျင်းပတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ ဂျပန်ဥပဒေအရ အမျိုးသားတွေဟာ ထီးနန်းဆက်ခံခွင့်ရှိတာ ဖြစ်ပါတယ်။
ဂျပန်ဧကရာဇ် နန်းစွန့်ခဲ့ပြီးနောက် မနှစ်တုန်းက သားဖြစ်သူ နာရူဟီတိုဟာ ဧကရာဇ် ဖြစ်လာခဲ့ပါတယ်။
လက်ရှိ ဧကရာဇ် နာရူဟီတိုမှာ ၁၈ နှစ်အရွယ် တော်ဝင်မင်းသမီး အာအီကို သာရှိတာမို့ ထီးနန်းဆက်ခံခွင့် မရှိပါဘူး။
ဥပဒေကို ပြင်ဆင်ရေးဟာ ဧကရာဇ်ရဲ့ညီဖြစ်သူ အာကီရှီနိုရဲ့ဇနီး သား မွေးဖွားချိန်မှာ ပျက်ပြယ်ခဲ့ပါတယ်။
အာကီရှီနိုဟာ ဂျပန် ထီးနန်းဆက်ခံခွင့်ရှိသူ ၃ ဦးထဲက တစ်ဦးဖြစ်ပါတယ်။
ဂျပန် ထီးနန်းဆက်ခံခွင့်ရှိသူ ၃ ဦးကတော့ အသက် ၅၄ နှစ် အရွယ် အာကီရှီနို၊ အာကီရှီနိုရဲ့သားဖြစ်တဲ့ ၁၄ နှစ်အရွယ် ဟီဆာဟီတိုနဲ့ နန်းစွန့်ဧကရာဇ်ကြီး အာကီဟီတိုရဲ့ အသက် ၈၄ နှစ်အရွယ် ညီတော် ဟီတာချီတို့ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။