စင်ပြိုင်အစိုးရဖွဲ့မှုဖြင့် အိုင်ဗရီကို့စ် ဝန်ကြီးချုပ်ဟောင်း ဖမ်းခံရ

1.7K
စင်ပြိုင်အစိုးရဖွဲ့မှုနဲ့ အိုင်ဗရီကို့စ် အတိုက်အခံခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ပတ်စ်ကယ်အက်ဖီအန်ဂတ်ဆန်ဟာ နိုဝင်ဘာ ၇ ရက်မှာ ဖမ်းဆီးခံရပါတယ်။
နိုဝင်ဘာ ၆ ရက်မှာ ရဲတပ်ဖွဲ့က သူ့ကို ရှာဖွေရေးလုပ်တယ်လို့ အစိုးရရှေ့နေက အတည်ပြုပြီးနောက် ညတွင်းချင်းပဲ အက်ဖီဟာ အဖမ်းခံရတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် အိုင်ဗရီကို့စ်ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အတိုက်အခံ ခေါင်းဆောင် တစ်ဒါဇင်ကျော်ကို အကြမ်းဖက်မှု စွဲချက်တွေနဲ့ အာဏာပိုင်တွေက စွဲချက်တင်သွားမှာပါ။
အဲဒီရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဝယ်သာဟာက တတိယသက်တမ်း အနိုင်ရပြီး အသွင်ကူးပြောင်းရေးကောင်စီဖွဲ့နေတယ်လို့ ကြေညာထားပါတယ်။
အတိုက်အခံခေါင်းဆောင် အက်ဖီကတော့ သမ္မတ လူဝမ့်ဘက်ကီဘိုလက်ထက် ၂၀၀၀-၂၀၀၃- ခုနှစ်အတွင်း ဝန်ကြီးချုပ် တာဝန်ထမ်းခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဝယ်သာဟာကို ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆိုခဲ့ ပြီးနောက် ပြည်တွင်းစစ်ဖြစ်ခဲ့ပြီး လူပေါင်း ၃၀၀၀ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။