A d v e r t i s e m e n t With Us

ထိုင်းတွင် ကလေးများ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှု စိုးရိမ်ဟု ထိုင်းဆေးပညာဌာနပြော

ထိုင်းနိုင်ငံအတွင်း ကလေးငယ်တွေမှာဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ (RSV) ကူးစက်ပျံ့နှံ့နေတာကြောင့် စိုးရိမ်တယ်လို့ ချူလာလောင်ကောင် တက္ကသိုလ်၊ ဆေးပညာဌာန၊ ဗိုင်းရပ်စ်ပိုးမွှား လက်တွေ့ကုစင်တာအကြီးအကဲ ဒေါက်တာ ယောင်ပိုဝိုရာဝမ်က ပြောလိုက်ပါတယ်။   RSV ဟာ အသက်ငါးနှစ်အောက် ကလေးတွေ ကြားမှာ ကူးစက်နေပြီး သူငယ်တန်းနဲ့ မူကြိုကျောင်းသားတွေကြား စက်တင်ဘာမှာ ကျောင်းအပြည့် ပြန်ဖွင့်ချိန်က စပြီး ကူးစက်ခဲ့တာလို့ နိုဝင်ဘာ ၄ ရက်နေ့ ပတ္တယားမေးလ် သတင်းမှာ ဖော်ပြပါတယ်။ ကူးစက်မှုကတော့ လျော့မသွားသေးဘဲ RSV ကူးစက်ခံရရင် ရောဂါလက္ခဏာအနေနဲ့ ဖျားတာ၊ ချောင်းဆိုတာ၊ နှာချေတာနဲ့ ချွဲသလိပ်ကြပ်လို့ အသက်ရှူရခက်တာတွေ ဖြစ်တတ်ပါ တယ်။ ပိုဆိုးရွားပြင်းထန်တဲ့ ကူးစက်မှုတွေလည်းဖြစ်နိုင်ပြီး  အဆုတ်လေပြွန်ငယ်တွေ ယောင်ယမ်းတာနဲ့ အဆုတ်ယောင်ယမ်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ RSV ကူးစက်မှုအတွက် ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးပေမဲ့ မိဘတွေအနေနဲ့ ကလေးငယ်တွေ ဗိုင်းရပ်စ်မကူးစက်အောင် ပါးစပ်နှာခေါင်းစည်း ဝတ်တာနဲ့ လက်ကို မကြာမကြာ ဆေးတာတွေ လုပ်ပြီး ကာကွယ်နိုင်တယ်လို့ သူက အကြံပြုပါတယ်။ ကလေးပြုစုကုသရေးဌာနတွေနဲ့ ကျောင်းတွေဟာလည်း ကလေးတွေ သုံးတတ်တဲ့ ပစ္စည်းတွေ၊ အရုပ်တွေကို မကြာခဏ ပိုးသတ်သင့်သလို စာသင်ခန်းထဲမှာ ကူးစက်ခံဦးရေ များလာရင် ကျောင်းခဏပိတ်သင့်တယ်လို့ အစိုးရအာဏာပိုင်တွေက ကျောင်းအာဏာပိုင်တွေကို အကြံပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up