လန်ဒန်ရှိ ရှော့ပင်းမောလ်တခုတွင် ပန်းရောင်ခရစ္စမတ်သစ်ပင် ဖွင့်လှစ်

လော့ဒေါင်းချထားတဲ့ လန်ဒန်မြို့ ရှော့ပင်းမောလ်တစ်ခုမှာ  နိုဝင်ဘာ ၆ ရက်က ပန်းရောင်ခရစ္စမတ် သစ်ပင်ကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။    တစ်နိုင်ငံလုံး ပထမအကြိမ် လော့ဒေါင်းချခဲ့တဲ့ အကျိုးဆက်ကြောင့် လက်လီဆိုင်တွေနဲ့ တည်းခိုဖျော်ဖြေရေးကဏ္ဍ ထိခိုက်ခဲ့ရပြီးနောက် လန်ဒန်မြို့က စိန့်ပန်ခရက်စ် ရှော့ပင်းမောလ်က ဈေးဆိုင်တွေဟာ ခရစ္စမတ်ပွဲတော် ဈေးဝယ်ရာသီ စတင်ဖို့ မျှော်လင့်ထားခဲ့ပါတယ်။  ဒါပေမဲ့လည်း ကိုဗစ်-၁၉ ကူးစက်တာတွေ တဟုန်ထိုး တက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂျွန်ဆင်က နိုဝင်ဘာ ၅ ရက်ကစပြီး ဆိုင်တွေ ၊ စားသောက်ဆိုင်တွေ ပြန်ပိတ်ရမယ်လို့ ကြေညာခဲ့ ပါတယ်။  ဒါကြောင့် တစ်နှစ်တာရဲ့ ဈေးရောင်းအကောင်းဆုံးကာလတစ်ခုမှာ ရောင်းရေးဝယ်တာတွေ ကို ခေတ္တရပ်ဆိုင်းလိုက်တာက လက်လီဆိုင်တွေရဲ့ ရောင်းအားပေါ်မှာ  သိသိသာသာ သက်ရောက်မှု ရှိမယ်လို့လည်း ရိုက်တာက သုံးသပ်ပါတယ်။ 

//
More News
Up