အက်ဒ်ဝပ်စနိုးဒင်းကို ရုရှားတွင် ၁ နှစ် ခိုလှုံခွင့်ပြု

အက်ဒ်၀ပ် စနုိးဒင်း
အမေရိကန်ထောက်လှမ်းရေးအစီအစဉ်ကို လူသိရှင်ကြားထုတ်ပြောခဲ့တဲ့ အက်ဒ်ဝပ်စနိုး ဒင်းကို  ရုရှားမှာ ၁ နှစ် ခိုလှုံခွင့်ပေးလိုက်တယ်လို့ သူ့ကို အကူအညီပေးနေတဲ့ ရုရှားရှေ့နေက အတည်ပြုပါတယ်။ [caption id="attachment_42168" align="alignright" width="300" caption="အက်ဒ်ဝပ် စနိုးဒင်း"][/caption] ခိုလှုံခွင့်ရတဲ့ လက်မှတ်ကို ရရချင်းမှာပဲ စနိုးဒင်းပေးအပ်ခဲ့ပြီး ရက်ပေါင်း ၄၀ လောက် သောင်တင်နေတဲ့ လေဆိပ်ကနေ အငှားကားနဲ့ ထွက်ခွာခဲ့တယ်လို့ ရှေ့နေက ပြောပြပါတယ်။ စနိုးဒင်းဟာ အရင်က ရုရှားကို တခါမှ မရောက်ဖူးတဲ့အတွက် စိမ်းနေသေးတာမို့ သူကိုယ် သူ ရုရှားတယောက်လို့ ခံယူဖို့က ဦးဆုံး လုပ်ရမယ့်ကိစ္စလို့ ရှေ့နေက ပြောပါတယ်။ သူရဲ့လုံခြုံရေးအရက အရေးအကြီးဆုံးကိစ္စဖြစ်လို့ လောလောဆယ်မှာ စနိုဒင်းက သူ ဘယ်မှာရှိနေလဲဆိုတာကို မပြောဖို့ မှာထားတယ်လို့လည်း ရှေ့နေက သတင်းထောက်တွေကို ရှင်းပြပါတယ်။ သင့်တော်တဲ့အချိန်ကျရင် သတင်းထောက်တွေနဲ့ တွေ့ဖို့ကိုလည်း စနိုးဒင်းက ကတိပေးလိုက်တယ်လို့ ဆိုပါတယ်။ စနိုးဒင်းရဲ့ဖခင်ကလည်း မကြာခင်မှာ ရုရှားလာပြီး သူသားကို လာတွေ့ချင်တယ်လို့ ဆိုတာ ကြောင့် လောလောဆယ်မှာ တရားဝင်ဖိတ်ခေါ်စာနဲ့ ခေါ်နိုင်ဖို့ စီစဉ်နေတယ်လို့ ရှေ့နေက ပြောပါ တယ်။ အခုလို စနိုးဒင်းကို ခိုလှုံခွင့်ပေးလိုက်တဲ့အတွက် ရုရှား-အမေရိကန် ဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့လည်း ရှေ့နေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up