ဗမာပြည်နယ်ဖော်ထုတ်ရန် တိုင်းရင်းသားညီလာခံတွင် သဘောတူ
အေးနိုင်
·
August 1, 2013
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ တိုင်းရင်းသားညီလာခံကို ဒီကနေ့ ဒီမိုကရေစီအင်အားစုတွေ တက်ရောက်လာပြီး ဖက်ဒရယ်ပြည်ထောင်စုတခု ထူထောင်သွားဖို့နဲ့ ဗမာတိုင်းရင်းသားပြည်နယ်တခု ဖော်ထုတ်သွားရေးကို ထောက်ခံခဲ့ကြတယ်လို့ ဦးစီးကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ပြောခွင့်ရသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
တိုင်းရင်းသားကိုယ်စားလှယ် တရာကျော်တက်ရောက်နေတဲ့ ညီလာခံကို ဇူလိုင် ၂၉ ရက်နေ့ကနေ စတင်ကျင်းပနေတာဖြစ်ပါတယ်။
ဒီကနေ့ ဩဂုတ် ၁ ရက်နေ့ ညီလာခံအခြေနေ ဗိုလ်မှူးကြိးခွန်ဥက္ကာနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။