Thursday, June 8, 2023
HomeLead Storyအင်္ဂလန်လူစာရင်းတွင် မန်ယူလူငယ်ကစားသမား ဂရင်းဝုဒ် ချန်လှပ်ခံခဲ့ရ

အင်္ဂလန်လူစာရင်းတွင် မန်ယူလူငယ်ကစားသမား ဂရင်းဝုဒ် ချန်လှပ်ခံခဲ့ရ

အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်ခဲ့ရာမှာ မန်ယူနိုက်တက်က မေဆန်ဂရင်းဝုဒ် ချန်လှပ်ခံခဲ့ရပေမယ့် မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန် ပြန်လည်ပါဝင်လာပါတယ်။ 

ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ ၂ ဦးဟာ  ပြီးခဲ့တဲ့စက်တင်ဘာလက အမျိုးသမီး ၂ ဦးကို အသင်း ဟိုတယ်ကို ခေါ်ခဲ့တာကြောင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပြီးခဲ့တဲ့အောက်တိုဘာက ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ အသင်းက ပြန်လည်ရွေးချယ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ 

လာမယ့်ပွဲစဉ်တွေအတွက် လူစာရင်းထုတ်ပြန်ရာမှာတော့ ဖီးလ်ဖိုဒန်ပြန်လည် ရွေးချယ်ခံခဲ့ ရပေမဲ့ ဂရင်းဝုဒ်ကိုတော့ ဆက်ပြီးချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ 

နည်းပြဆောက်ဂိတ်ဟာ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ချဲလ်ဆီးနောက်ခံလူ ရီဆီဂျိမ်းစ် ကိုတော့ ရွေးချယ်ခဲ့ပါတယ်။ 

အင်္ဂလန်အသင်းဟာ လာမယ့်နိုဝင်ဘာ ၁၃ ရက်ကနေ ၁၉ ရက်အထိ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ အိုက်စလန်အသင်းတွေနဲ့ ၃ ပွဲ ကစားသွားရမှာဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular