အမေရိကန်သမ္မတဖြစ်ရန် ဂျိုးဘိုင်ဒင် ၆ မဲသာလို၊ နိုင်ငံတကာမီဒီယာများ အနီးကပ်စောင့်ကြည့်နေ

အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်  မြန်မာစံတော်ချိန် ညနေ ၅ နာရီထိ အတည်ပြုချက်တွေအရ ဒီမိုကရက်သမ္မတလောင်း ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ၂၆၄မဲ ရထားပြီး သမ္မတဖြစ်ဖို့ လိုအပ်တဲ့ မဲ ၂၇၀ကို ရဖို့ ၆မဲသာ  လိုပါတော့တယ်။  ရီပတ်ဗလစ်ကင်ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က တော့ ၂၁၄ မဲ ရထားပါတယ်။ ဒါပေမဲ့ နိုင်ငံတဝန်း စာအိတ်မဲတွေ ကြိုတင်မဲတွေကို ရေတွက်လို့ မပြီးသေး တာကြောင့် မဲရလဒ်ကို တရားဝင် ကြေညာဖို့ ရက်ချီ အချိန်ယူရဦးမှာပါ။ ဒါကြောင့် ရွေးကောက်ပွဲ ရလဒ်က ဘယ်သူနိုင်မယ်ဆိုတာ သေချာ မပြောနိုင်သေးပါဘူး။ ရုပ်သံသတင်းတွေမှာတော့ မဲရလဒ်ကို ဆုံးဖြတ်ပေးနိုင်တဲ့ ပြည်နယ် လက်တဆုပ်စာက မဲရေတွက်ပုံတွေနဲ့ ဆန္ဒပြသူတွေ လမ်းပေါ် ချီတက်နေပုံတွေကို ပြသနေပါတယ်။  ဂျိုးဘိုင်ဒင်က မဲအသာရ နေချိန်မှာ လက်ရှိ သမ္မတ ထရမ့်က မဲလိမ်မှု ရှိတယ်လို့ သက်သေ မပြဘဲ စွပ်စွဲ ထားပြီး မဲတွေကို ပြန်ရေတွက်ဖို့ ဆော်သြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up