A d v e r t i s e m e n t With Us

နီကာရာဂွါတွင် ဟာရီကိန်းမုန်တိုင်းကြောင့် လူ ၃ ဦးထက်မနည်းသေဆုံး

နီကာရာဂွါနိုင်ငံကို ဟာရီကိန်းအီတာ ဝင်ရောက်ခဲ့ပြီးနောက်  ရေကြီးမြေပြိုတာတွေ ဖြစ်ခဲ့ပြီး လူ ၃ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။  လေပြင်းတွေကြောင့်  နေအိမ် ၊ လမ်းတွေနဲ့ အခြေခံအဆောက်အအုံတွေ  ထိခိုက်ခဲ့ပြီး လူပေါင်း ထောင်ချီ ဘေးလွတ်ရာ ပြောင်းခဲ့ရပါတယ်။  ဟာရီကိန်း အီတာဟာ မြို့တော် မနန်ဂွါ ရဲ့  မြောက်-အရှေ့မြောက်ဘက် ၁၂၅ မိုင် အကွာကို ဝင်ရောက်တိုက်ခတ်သွားခဲ့တာဖြစ်ပါတယ်။  ဟာရီကိန်းအီတာကြောင့်  နီကာရာဂွါမြောက်ပိုင်းမှာ သစ်ပင်နဲ့ ဓာတ်တိုင်တွေ လဲပြိုတာ ၊ ဆိုးဆိုးရွားရွား ရေကြီးတာတွေ ဖြစ်ခဲ့တယ်လို့  အမျိုးသားဘေးအန္တရယ်စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။  နိုဝင်ဘာ ၄  ရက်မှာတော့ အီတာဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့ပြီး ဟွန်ဒူးရပ်စ်နိုင်ငံကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up