ခန္တီးမြို့တွင် နာဂအမျိုးသားပါတီ NNP ပထမအကြိမ်အင်အားပြလှည့်လည်

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ နာဂအမျိုးသားပါတီ (NNP) ထောက်ခံသူတွေဟာ   နိုဝင်ဘာလ ၄ ရက်နေ့က မြို့တွင်း အင်အားပြလှည့်လည်မဲဆွယ်ခဲ့ကြပါတယ်။  နာဂအမျိုးသားပါတီ NNP အင်အားပြရလှည့်လည်ရာမှာ နာဂလူမျိုး ဝန်းရံပြည်သူတွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေ ပါဝင်ခဲ့ပြီး ကားအစီး ၁၀ စီး၊ ဆိုင်ကယ်အစီး ၂၀၀ အပါအဝင် လူဦးရေ ၅၀၀ လောက်က ခန္တီးမြို့အတွင်း လှည့်လည်ခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ခန္တီးမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ (SSP)၊ နာဂအမျိုးသားပါတီ (NNP) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။ သတင်း - အောင်ဆန်းမြင့်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up