A d v e r t i s e m e n t With Us

စက္ကန့် ၃၀ တိုင်းမှာ လူ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံနေရဟု ပြင်သစ် ကျန်းမာရေးဝန်ကြီးပြော

ပြင်သစ်မြို့တော် ပဲရစ်မှာ စက္ကန့် ၃၀ တိုင်းမှာ လူတယောက်ဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ခံနေရတယ်။ ၁၅ မိနစ်တိုင်းမှာ ပဲရစ်မြို့နေ လူ ၁ ယောက် ဆေးရုံရောက်လာတယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗေရန်က နိုဝင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။ ပြင်သစ်တနိုင်ငံလုံး အသွားအလာပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းအသစ် ချမှတ်ထားပေမယ့် လူမှုရေးနဲ့ စီးပွားရေးလှုပ်ရှားမှုတွေ ဆက်ရှိစေရေး ကြိုးပမ်းတဲ့အနေနဲ့ စတိုးဆိုင်အသေးတွေနဲ့ စာအုပ်ဆိုင်အသေးတွေကို ဖွင့်ပေးဖို့ ပဲရစ်မြို့တော်ဝန်က တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ကျန်းမာရေးဝန်ကြီးက ခုလို ပြောခဲ့တာပါ။ “ပြင်သစ်မြို့တော်မှာ ကူးစက်နှုန်း မြင့်နေလို့ ဘယ်လိုလှုပ်ရှားမှုမဆို အင်မတန် ဘေးရှိတယ်။ ပါရီမြို့သားတွေနဲ့ ပြင်သစ်နိုင်ငံသားတွေကို ကျနော်တို့ ကယ်တင်ချင်တယ်။ ပိုင်းဖြတ်ချက်နဲ့အညီ တသမတ်တည်း လုပ်သွားမယ်”လို့လည်း သူက ပြောပါတယ်။ တေနွန်ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ ကိုဗစ်-၁၉ လူနာတွေ ပြည့်နေပြီး ပါရီက ဆေးရုံတွေမှာလည်း လူနာတွေ ပြည့်နေပါတယ်။ ကျန်းမာရေးလုပ်သားတွေက ကူးစက်မှု ဒုတိယလှိုင်းအတွင်း လူနာတိုးလာတာကို ရင်ဆိုင်နေရပါတယ်။ ပြင်သစ်မှာ နိုဝင်ဘာ ၂ ရက်က ၂၄ နာရီအတွင်း ကူးစက်ခံ ဦးရေ ၅၂,၅၁၈ ယောက်နဲ့ စံချိန်သစ်တင်ခဲ့ကာ ကူးစက်ခံ သေဆုံးသူ ၄၁၆ ယောက်ရှိခဲ့လို့ ကူးစက်ခံ သေဆုံးသူ စုစုပေါင်း ၃၇,၄၃၅ ယောက် ရှိနေပါပြီ။

A d v e r t i s e m e n t With Us

More News
Up