Homeမြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၁၉၇ ဦးတွင် ရန်ကုန်က ၈၉၃ ဦးဖြင့် အများဆုံးတွေ့ရှိ၊ အနံ့မရရှိသူ ၄၄၃ ဦး ပါဝင်
ကိုဗစ်-၁၉ လူနာသစ် ၁,၁၉၇ ဦးတွင် ရန်ကုန်က ၈၉၃ ဦးဖြင့် အများဆုံးတွေ့ရှိ၊ အနံ့မရရှိသူ ၄၄၃ ဦး ပါဝင်
DVB
·
November 4, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၉၇ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၉၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၂ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာ ၁၂၂ ယောက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၈၁ ယောက်နဲ့ သာကေတ ၆၆ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေး တိုင်းမြို့နယ် ၁၃ ခုမှာ ၇၀ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၃ ခုမှာ ၅၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၈ ခုမှာ ၅၀ ယောက် ၊ ဧရာဝတီတိုင်းမြို့နယ် ၁၁ ခုမှာ ၄၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၄၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၁၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၅ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှာ ၂ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၄၄၃ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၅,၈၀၄ ယောက်၊ သေဆုံးသူ ၁,၃၀၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၉,၀၆၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။