Monday, June 5, 2023
HomeLead Storyအီတာဟာရီကိန်းမုန်တိုင်း နီကာရာဂွါနိုင်ငံကို ဝင်ရောက်တိုက်ခတ်

အီတာဟာရီကိန်းမုန်တိုင်း နီကာရာဂွါနိုင်ငံကို ဝင်ရောက်တိုက်ခတ်

အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်တဲ့ ဟာရီကိန်း အီတာဟာ နိုဝင်ဘာ ၃ ရက်က နီကာရာဂွါနိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီး နေအိမ်နဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးပြီး အသေအပျောက်များတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ဖွယ်ရှိပါတယ်။

သမ္မတ ဒန်နီယယ်အိုတေဂါကလည်း မုန်တိုင်းသင့် ဒေသအတော်များများမှာ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နီကာရာဂွါတောင်ပိုင်း ပွယ်တိုဂါဘီဇက်ဒေသကို ဟာရီကိန်း တိုက်ခတ်ပြီး အိမ်အမိုးတွေ လန်တာ၊ သစ်ပင်နဲ့ ဓာတ်တိုင်တွေ ပြိုလဲတာနဲ့ ရေကြီးတာတွေ ဖြစ်ခဲ့တယ်လို့ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီ အကြီးအကဲက ဆိုပါတယ်။ 

ဟာရီကိန်း အီတာဟာ ကမ်းခြေကို ဝင်ရာမှာ လေတိုက်နှုန်း ၁ နာရီ မိုင် ၁၄၀ ရှိပြီး မုန်တိုင်းဟာ ကုန်းတွင်းပိုင်းဝင်ချိန်မှာ အမြန်အားပျော့သွားမယ်လို့ အမေရိကန် ဟာရီကိန်း စင်တာ (NHC) က ထုတ်ပြန်ပါတယ်။ 

အီတာဟာ ၂၀၂၀ ဟာရီကိန်းရာသီမှာ  ဝင်ရောက်တဲ့ ၂၈ ကြိမ်မြောက် မုန်တိုင်း ဖြစ်တယ်လို့လည်း NHC က ထုတ်ပြန်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular