ကိုဗစ်-၁၉ လူနာသစ် ၁,၂၀၂ ဦးတွင် ရန်ကုန်က ၉၆၃ ဦး၊ အနံ့မရရှိသူ ၂၅၉ ဦးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၀၂ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၆၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ  ၃ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဉက္ကလာ ၁၂၂ ယောက်၊ သန်လျင်အယောက် ၉၀နဲ့ အင်းစိန် ၆၈ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၃ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၁ ခုမှာ ၇၇ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၇ ခုမှာ ၅၅ ယောက် ၊ မကွေးတိုင်းမြို့နယ် ၂ ခုမှာ ၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၉ ခုမှာ ၅၄ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုမှာ ၂၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၈ ယောက်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ၇  ယောက်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ၅ ယောက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၂ ခုမှာ  ၂ ယောက်၊ ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ ၁ ယောက်စီအသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၅၉ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၄,၆၀၇ ယောက်၊ သေဆုံးသူ ၁,၂၈၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၇,၉၅၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းနီးပါးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၄ သန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up