ဦးဝီရသူ ချုပ်ရက် ရမန်ယူ၊ ထောက်ခံသူများလာရောက်ဝန်းရံ (ဓာတ်ပုံ)
DVB
·
November 3, 2020
မနေ့က ရဲစခန်းမှာရောက်အဖမ်းခံခဲ့တဲ့ ဦးဝီရသူရဲ့ ချုပ်ရက် ရမန်ကို အွန်လိုင်းကနေဆင့် ယူရခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နေ့ရုံးထုတ်မယ်လို့သိရပါတယ်။
တရားရုံးသို့ ဦးဝီရသူထောက်ခံသူတွေက ဗီနိုင်းပိုစတာတွေ ကိုင်ကာ လာရောက်ဝန်းရံခဲ့ကြသလို ရဲလုံခြုံရေးများကိုလည်းအများပြားချထားခဲ့ပါတယ်။
ဦးဝီရသူဟာ ကမ္ဘာအေးရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေထံ သြဝါဒခံယူဖို့ နိုဝင်ဘာ ၂ ရက်နေ့မွန်းလွဲပိုင်းက သွားရောက်ပြီးနောက် ရန်ကုန် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ သွားရောက် အဖမ်းခံခဲ့တာပါ။
ဦးဝီရသူဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီး ဒီစွဲချက်ဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA