Thursday, June 8, 2023
HomeLead Storyဘန်ကောက် တော်ဝင်နန်းတော်တွင် ဘုရင့်ဘက်တော်သားများ စုရုံးထောက်ခံ အင်အားပြ

ဘန်ကောက် တော်ဝင်နန်းတော်တွင် ဘုရင့်ဘက်တော်သားများ စုရုံးထောက်ခံ အင်အားပြ

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က တော်ဝင်နန်းတော်မှာ ထောင်ချီတဲ့ ရှပ်ဝါဝတ် ဘုရင့်ဘက်တော်သားတွေ နိုဝင်ဘာ ၁ ရက်က စုရုံးခဲ့ကြပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ထောက်ခံကြောင်း အကြီးဆုံး အင်အားပြခဲ့ပါတယ်။

အစိုးရ ဖြုတ်ချရေးနဲ့ စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဆော်သြနေတဲ့ လချီကြာတဲ့ ဆန္ဒပြပွဲတွေကို တန်ပြန် သပိတ်မှောက်တာလည်း ဖြစ်ပါတယ်။

ဇူလိုင်လလယ်က စတဲ့ ဆန္ဒပြပွဲတွေ စကတည်းက အခုထိ နန်းတော်က မှတ်ချက် တစုံတရာ မပြောသေးပါဘူး။

ဘုရင် မဟာဝဂျီရာလောင်ကွန်ရဲ့ သြဇာက ကြီးလွန်းလာလို့ သူ့ကို စစ်တပ်ရဲ့ တပ်ရင်းတချို့ကို ကိုယ်ပိုင် ထိန်းချုပ်ခွင့်ပေးထားတဲ့ အပြောင်းအလဲတွေကို ဆန္ဒပြသူတွေက ပြန်ပြင်စေချင်နေကြတာပါ။

ဒါ့အပြင် ဘုရင်ကိုယ်တိုင်က ကမ္ဘာ့အချမ်းသာဆုံးဘုရင်အဖြစ် အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀ ကျော် ပိုင်ဆိုင်ထားချိန်မှာ အစိုးရ ဘတ်ဂျက်က တော်ဝင်မိသားစုအတွက် တနှစ်စာ အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ချထားပေးတာကိုလည်း ဆန္ဒပြသူတွေက ဝေဖန်နေကြပါတယ်။

ဘုရင်က ဂျာမနီနိုင်ငံမှာ ကာလကြာရှည် နေထိုင်မှုဟာ ဖြုန်းတီးမှုအဖြစ် သူတို့က စွပ်စွဲသလို ဘုရင်စနစ်ဟာ ထိုင်းနိုင်ငံကို အကြိမ်ပေါင်းများစွာ စစ်အာဏာသိမ်းမှု လက်ခံထားပြီး စစ်တပ်အား ဆယ်စုနှစ်ချီ သြဇာ လွှမ်းထားတယ်လို့လည်း ဆန္ဒပြသူတွေက စွပ်စွဲ ထားပါတယ်။

လက်ရှိဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာ ကိုယ်တိုင်က ၂၀၁၄ မှာ စစ်အာဏာသိမ်း ခေါင်းဆောင် ဖြစ်ခဲ့သူပါ။ ကျောင်းသားတွေနဲ့ လူငယ်တွေ ခေါင်းဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ ကနဦးမှာတော့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရေး တောင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တော်ဝင်မိသားစုအတွက် အကြီးဆုံးစိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ် အုပ်ချုပ်မှုဟာ ၁၉၃၂ ခုနှစ်က အဆုံးသတ်ခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တာပါ။

ဒါပေမဲ့ လက်ရှိဘုရင်က သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်တဲ့ အထိမ်းအမှတ်ရုပ်တုကို ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် အင်အားပြ ဘုရင့်ဘက်တော်သားတွေထက် အရေအတွက် အဆပေါင်းများစွာ သာလွန်တဲ့ ထောင်သောင်းချီရှိလူတွေ ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။

ပရာယွတ်သ် အစိုးရကလည်း ဆန္ဒပြပွဲတွေကို အရင်လက တားမြစ်ခဲ့ပြီး လူသိအများဆုံး ခေါင်းဆောင်အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမဲ့ ဘန်ကောက်မြို့တော်ရဲ့ လမ်းတွေပေါ်ကို ပိုများတဲ့လူတွေ ထွက်လာပြီး ဆန့်ကျင် ဆန္ဒပြကြလို့ အရေးပေါ် အမိန့် လုပ်ဆောင်ချက်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

ပရာယွတ်သ်ကတော့ ရာထူးက နုတ်ထွက်မှာမဟုတ်ဘဲ မနှစ်က ရွေးကောက်ပွဲဟာ သူ အမြတ်ထွက်အောင် ပုံစံထုတ်ထားတယ်ဆိုတဲ့ စွဲချက်ကိုလည်း ပယ်ချလိုက်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular