A d v e r t i s e m e n t With Us

ပြင်သစ်နိုင်ငံတဝန်းတွင် သူတော်စင်နေ့ ကျင်းပ၊ လုံခြုံရေး တင်းကျပ်စွာ ချထား

ပြင်သစ်နိုင်ငံတလွှားက ကက်သလစ် ခရစ်ယာန်တွေဟာ အထူးဝတ်ပြုဆုတောင်းပွဲတွေနဲ့ အတူ သူတော်စင်နေ့ကို အောက်တိုဘာ ၁ ရက်နေ့က ကျင်းပနေပြီး ကျောင်းတွေနဲ့ ဘာသာရေး ဝတ်ပြုရာ နေရာတွေအပါအဝင် အကဲဆတ်တဲ့မြို့တွေမှာ လုံခြုံရေး ထောင်ချီ တင်းကျပ်ချထားတယ်လို့ သိရပါတယ်။ ပါရီမြို့တော်အတွင်းမှာ တာဝန်ယူဖို့ နံပါတ်တုတ်နဲ့ ချပ်ဝတ်တန်ဆာ အပြည့်ဝတ်ထားတဲ့ စစ်သည်တွေအပါအဝင် အရန်စစ်သည် အယောက် လေးထောင်ကိုလည်း အထူးတာဝန်အဖြစ် ရွေးချယ် စေလွှတ်ထားပါတယ်။ “ကျနော်တို့က လုံခြုံရေး အခြေအနေကို စိုးရိမ်တယ်။ တချိန်တည်းမှာပဲ အကြမ်းဖက်ဝါဒနဲ့ တယူသန် ဝါဒကို တိုက်ဖျက်ရေး အစိတ်အပိုင်းအနေနဲ့ တပ်ချခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ဒါဟာ ကျနော်တို့ စစ်ဆင်ရေးရဲ့ အရေးအကြီးဆုံး တန်ဖိုးပါပဲ” လို့ တပ်ဖွဲ့မှူး ဗိုလ်ကြီးတယောက်က ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က နီးစ်မြို့မှာ ဘုရားသခင်က အကြီးမြတ်ဆုံးလို့ အာရဗီ ဘာသာစကားနဲ့ အော်ဟစ်ခဲ့တဲ့ တိုက်ခိုက်သူ တယောက်ဟာ ခရစ်ယာန် ဘုရားကျောင်းထဲမှာ လူ ၃ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။  ပြန်သစ်နိုင်ငံမှာ တခြား အစ္စလာမ္မစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ ပေါ်လာနိုင်တယ်လို့ ဝန်ကြီးတွေက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up