မင်းကင်းမြို့နယ် ကျေးရွာ မဲရုံမှူး ၁ ဦးကို ကော်မရှင်ထံ တိုင်ကြား

စစ်ကိုင်းတိုင်း​၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ် ​ကျောက်ခဲတက်​​ကျေးရွာက မဲရုံမှာ ကြိုတင်မဲ​ပေးတာနဲ့ပတ်သက်ပြီး ဥပ​ဒေနဲ့အညီ မလုပ်ဆောင်ဘူးဆိုကာ မဲရုံမှူး ဦးသိန်းကြည်ကို မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်မှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။ အသက် ၆၀ နှစ်အထက် ကြိုတင်မဲ​​ပေးတဲ့​နေရာမှာ အခက်အခဲရှိတာ​ကြောင့် မိသားစုဝင်​ကို ​ခေါ်​ဆောင်လာခဲ့​ပေမယ့် ​မဲပေးခွင့်မရဘူးလို့ မဲဆန္ဒရှင် ​​ဒေါ်​သောင်းစုက ပြောပါတယ်။ “ကျမက မျက်စိမွဲလို့ တူမကို​ ခေါ်သွားတယ်၊ တူမကို အထည့်မခံဘူး၊ လက်မှတ်ပဲ အထိုးခံတယ်။ မဲလက်မှတ်ကို ဆရာသိန်းကြည်က ယူသွားပြီး သူ့ဟာနဲ့သူ ရိုက်ထည့်တာ။ ပြလည်းမပြဘူး” လို့ ​ပြောပါတယ်။ မဲရုံမှူးရဲ့ လုပ်ရပ်ဟာ ​ပြည်သူ့လွှတ်​တော်​ရွေး​ကောက်ပွဲဥပ​ဒေ ပုဒ်မ ၅၇ နဲ့ ငြိစွန်းတာ ကော်မရှင်ကို တိုင်ကြားခဲ့တာလို့ အန်အယ်လ်ဒီ ဥပ​ဒေအ​​ထောက်ကူပြု​ကော်မတီဥက္ကဋ္ဌ ဦး​ကျော်မင်းထွဋ်က ပြောပါတယ်။ “မဲရုံမှူးရဲ့ ​ဆောင်ရွက်ချက်​တွေကို ကျ​နော်တို့ပြည်သူ​တွေက မ​ကျေနပ်ဘူး​ပေါ့ဗျာ။ မဲဆန္ဒ​ပေးမယ့် သက်ကြီးရွယ်အို​တွေက မျက်စိမှုန်တဲ့သူ​တွေလည်း ပါတယ်။ လက်တုန်တဲ့သူ​တွေလည်း ပါတယ်။ အဲလို​ကြောင့် သူတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ မိသားစုဝင်​တွေ​ ခေါ်လာတဲ့အခါ မဲရုံမှူးက တခြားသူ​တွေ မဝင်နဲ့ဆိုပြီး သူကိုယ်တိုင် တံဆိပ်တုံးထုတယ်။ ဒီဆန္ဒမဲလက်မှတ်ကို ပြန်ပြခြင်း ပြုခြင်းလည်း မရှိဘူး​ပေါ့။ အဲဒါမျိုး ကျူးလွန်တယ်​ပေါ့။ ​ပြည်သူ့လွှတ်​တော်​ရွေး​ကောက်ပွဲဥပ​ဒေ ပုဒ်မ ၅၇ နဲ့ ငြိစွန်းတာ​ပေါ့။ ကျ​နော်တို့​ကော်မတီက​တော့ တရားမျှတတဲ့ ​ရွေး​ကောက်ပွဲဖြစ်ဖို့အတွက် တာဝန်အရ ​ဆောင်ရွက်​နေရတာဖြစ်တဲ့အတွက် ညတွင်းချင်းပဲ မြို့နယ်​ကော်မရှင်အဖွဲ့ခွဲကို တိုင်ကြားခဲ့ခြင်းဖြစ်တယ်။”  တိုင်ကြားခံရတာနဲ့ပတ်သက်ပြီး အမှတ်-၃ မဲရုံးမှူး ဦးသိန်းကြည်​က “ကျ​နော်တို့အုပ်စုထဲမှာ ပါတဲ့ အဘိုးကြီးတစ်​ယောက်က ရွာထဲက တူ​တော်တယ်ဆိုတဲ့သူ ​ခေါ်လာတယ်ဗျ။ အဲဒီလို ​ခေါ်လာ​တော့ ကျ​နော်တို့ မဲရုံရဲ့ စည်းကမ်းထဲမှာလည်း သားသမီး ​မြေးမြစ် အရင်းချာဆိုလို့ရှိရင် လိုက်ခွင့်ရှိတာ​ပေါ့။ အဲဒီမှာ သူက​နေပြီးမှ အဲဒီအဘိုးကြီးကို အနားထားပြီးမှ သူကိုယ်တိုင် ဆန္ဒပြုမယ့်ဆဲဆဲကို ကျ​နော် တားလိုက်တယ်ဗျ။ ဦးကြီးက မျက်စိမှုန်တယ်​ပေါ့။ မျက်စိမှုန်ရင် ကျ​နော်​ သေချာကြည့်​ပေးမယ်၊ ​သေချာ​ရွေးဆိုပြီး ကျ​နော်က​နေ​ သူ့စိတ်တိုင်းကျ ရိုက်​ပေးလိုက်တာ” လို့ ​ပြောပါတယ်။ အမှတ်-၃ မဲရုံမှူးဟာ အခြားမဲရုံ ၂ ခုမှာလည်း အဲဒီလိုမျိုး အပြုအမူ​တွေ လုပ်တာတွေ ရှိတယ်လို့ မဲရုံ-၃ မှာတာဝန်ကျတဲ့ ပါတီကိုယ်စားလှယ် တဦးက ​ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်းက “ခရိုင်က မသိ​သေးတဲ့အတွက် ဥပ​ဒေအရ​ ဆောင်ရွက်​ပေးပါရန်တင်ပြလာခြင်းနဲ့ပတ်သက်လို့ ညွန်ကြား​ပေးပါရန် ခရိုင်ကို တင်ပြထားပြီးဖြစ်ပါတယ်။ ဒီအတွင်းမှာ​တော့ တစုံတရာ ဘာမှ ညွှန်ကြားမှုလည်း မရှိ​သေး​​ဘူး။ ရဲအ​ရေးပိုင်တယ်ဆို​ပေမယ့် ရဲကိုလည်း အမှုဖွင့်ထားတာ မရှိ​သေးတော့ ဒီမဲရုံမှူး​တွေဟာ သူတို့ရဲ့လုပ်ငန်းတာဝန်ကို ဆက်လက်ပြီး​တော့ ​ဆောင်ရွက်​နေဆဲ ဖြစ်တာ​ပေါ့” လို့ ​ပြောပါတယ်။ မင်းကင်းမြို့နယ်မှာ ၂၀၂၀ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲအတွက် မဲရုံ​ပေါင်း ၆၄ ရုံ၊ မဲ​ပေးနိုင်တဲ့သူပေါင်း ၈၇,၄၀၃ ဦးရှိပြီး အသက် ၆၀ နဲ့အထက်က ၁၁,၆၇၁ ဦး ရှိပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းအရ မဲရုံးမှူးကို တာဝန်ကနေ ယာယီရပ်စဲလိုက်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up