A d v e r t i s e m e n t With Us

ဒီယေဂိုဂျိုတာက ဖေမီနို၏ပွဲထွက်ခွင့်ကို ခြိမ်းခြောက်နိုင်ဟု ဆောင်းနက်စ်နှင့်ကာရေဂါ သုံးသပ်

အနိုင်ဂိုးတွေသွင်းနေတဲ့ ဒီယေဂိုဂျိုတာဟာ ဖေမီနိုရဲ့ ပွဲထွက်ခွင့်အပေါ် ခြိမ်းခြောက်လာနိုင်တယ်လို့ ဂရေမီဆောင်းနက်စ်နဲ့ ကာရေဂါတို့က သုံးသပ်ပါတယ်။  အခုနှစ် အပြောင်းအရွှေ့ကမှ ဝုဗ်ဗာဟမ်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဂျိုတာဟာ ဝက်စ်ဟမ်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တာပါ။  ရှက်ဖီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာတုန်းကလည်း အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဂျိုတာဟာ မစ်ဂျယ်လန်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အနိုင်ဂိုး ၁ ဂိုး သွင်းခဲ့ပါသေးတယ်။  ဂျိုတာက ဂိုးတွေ သွင်းယူနိုင်ပြီး တိုးတက်မှုတွေရှိလာလို့ အဓိကတိုက်စစ်မှူး ဖေမီနိုရဲ့ ပွဲထွက်ခွင့်အပေါ် စိန်ခေါ်လာနိုင်ပြီး အသက် ၂၃ နှစ်ပဲ ရှိသေးတာကြောင့် အခုထက် ပိုမိုကောင်းမွန်လာဖို့ရှိသေးတယ်လို့ ဆောင်းနက်စ်က ချီးကျူးခဲ့တာပါ။  လီဗာပူး နောက်ခံလူဟောင်း ကာရေဂါကလည်း ဂျိုတာကို ချီးကျူးခဲ့ပြီး လီဗာပူး ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၁ သန်းနဲ့ ထိုက်တန်အောင် ပေးဆပ်နိုင်သူဖြစ်တယ်လို့ ကာရေဂါက သုံးသပ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up