၁၈ နှစ်အတွင်းအဆိုးရွားဆုံး လာလီဂါအဖွင့်ရလဒ် ပိုင်ဆိုင်သွားခဲ့သည့် ဘာစီလိုနာ

အလာဗက်စ်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ ၂၀၀၂-၀၃ ရာသီ နောက်ပိုင်းအဆိုးရွားဆုံး လာလီဂါအဖွင့်ပွဲစဉ် ရလဒ်နဲ့ ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။  ဘာစီလိုနာအသင်းဟာ ကစားခဲ့ပြီးတဲ့ လိဂ်ပွဲစဉ် ၆ ပွဲမှာ ၈ မှတ်သာရရှိခဲ့ပြီး လက်ရှိအချိန်မှာ အဆင့် ၁၂ နေရာကို ရောက်ရှိသွားကာ ထပ်ဆုံးက ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အမှတ်ကွာဟချက်မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။  ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပွဲတွေမှာ ဆက်တိုက်အနိုင်ရရှိခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲ စဉ် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒီ ၄ ပွဲမှာ အသင်းဟာ ဆီဗီလာ၊ ဂီတာဖေးနဲ့ အလာဘတ်အသင်းတို့ကို သရေကျခဲ့ပြီး အယ်လ်က လက်စီကိုမှာ ရီးရဲလ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။  ဘာစီလိုနာအသင်းဟာ ဒီလိုမျိုး ရာသီအစရလဒ် ဆိုးရွားနေမှုကို နောက်ဆုံး ကြုံတွေ့ခဲ့ရတဲ့ ၂၀၀၂-၀၃ ဘောလုံးရာသီတုန်းက အဆင့် ၆ နေရာနဲ့ ရာသီပိတ်သိမ်းခဲ့ရတာဖြစ်ပြီး ဒီလိုအခြေအနေမျိုးကိုတော့ နည်းပြရော်နယ်ကိုးမန်းအနေနဲ့ ရှောင်လွဲရမှာပါ။  စနေနေ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အနောက်ကလိုက်ကစားပြီး သရေတစ်မှတ်ကို ရရှိခဲ့တာပါ။ ကိုးမန်းရဲ့အသင်းဟာ တစ်ယောက်လျော့ခဲ့တဲ့ အလာဘတ်အသင်းကို အနိုင်ရရှိရေး အားကုန်ထုတ်ကစားခဲ့ပြီး ကန်သွင်းမှု ၂၅ ကြိမ်၊ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိရှိခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ ရရှိခဲ့ခြင်းမရှိပါဘူး။     ဒီပွဲမှာ မက်ဆီဟာကန်သွင်းမှု ၁၀ ကြိမ်အထိရှိခဲ့ပေမယ့်  ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီပွဲစဉ်မှာ အလာဘတ်အသင်းရဲ့ ဂိုးသမား ဖာနန်ဒိုပါချီကိုဟာ သူရဲ့ကောင်းဖြစ်ခဲ့ပြီး ဂိုးကာကွယ်မှု ၇ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး အခုရာသီအတွင်း အမြင့်ဆုံးကာကွယ်မှုလည်း ဖြစ်ပါတယ်။ ပွဲအတွင်း ကန်သွင်းမှုတွေ၊ ဖန်တီးမှုတွေ များစွာပြုလုပ်နိုင်ခဲ့ပေမယ့် ဘာစီလိုနာကစားသမားတွေဟာ ရရှိလာတဲ့အခွင့်အရေးကို အသုံချနိုင်ဖို့ လိုအပ်ချက်ရှိခဲ့တယ်လို့ ကွင်းလယ်လူဒီဂျောင်က ပြောပတယ်။  “ကျနော်တို့ ဒီလိုပွဲတွေကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ ကစားပုံကောင်းမွန်ခဲ့ခြင်းမရှိပေမယ့် ဒုတိယပိုင်းမှာတော့ အခွင့်အရေးတွေ များစွာဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံပဲမကောင်းခဲ့တာလားတော့ မသိပါဘူး။” 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up