မင်းလှမြို့နယ်တွင် အတည်ပြုလူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိ
DVB
·
November 1, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ နိုဝင်ဘာ ၁ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့က ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃၀ ကို ပေးပို့စစ်ဆေးခဲ့ပြီး ကနဦး ၁၉၁ ဦးရဲ့ အဖြေမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၁၅ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
အားလုံးက ရန်ကုန်ပြန်တွေဖြစ်ပြီး သက်ဆိုင်ရာ စင်တာတွေမှာ Quarantine ဝင်နေသူတွေ ဖြစ်ပါတယ်။
လူနာသစ် ၁၅ ဦးကို မင်းလှဆေးရုံမှာ နေရာမလုံလောက်တဲ့အတွက် အိုးအိမ်ဝန်ထမ်းအိမ်ရာသစ်မှာ ဆေးကုသပေးသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းအထိ မင်းလှမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၇ ဦးနဲ့ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသူ ၁၁၃ ဦးရှိပြီး ပြည်ဆေးရုံကြီးမှာ ၁ ဦး၊ မင်းလှဆေးရုံမှာ ၁၈ ဦး၊ အိုးအိမ်ဝန်းထမ်းအိမ်ရာမှာ ၁၅ ဦး ထားရှိကုသပေးနေတယ်လို့ သိပါတယ်။
သက်နိုင်ဝင်း