Thursday, June 8, 2023
HomeLead Storyအီရတ်တွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ၅၁ ဦး ဒဏ်ရာရ

အီရတ်တွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ၅၁ ဦး ဒဏ်ရာရ

အီရတ်နိုင်ငံ တောင်ပိုင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း တခုပေါက်ကွဲလို့ လူ ၂ယောက်ထက် မနည်း သေဆုံးပြီး ၅၁ ယောက် ဒဏ်ရာရတယ်လို့ ရဲသတင်းရင်းမြစ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။

မြို့တော် ဘဂ္ဂဒက် ရဲ့ တောင်ပိုင်း ဆာမာဝါ မြို့နားမှာ အောက်တိုဘာ ၃၀ ရက်က ပေါက်ကွဲခဲ့တာပါ။ 

ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပြီးတဲ့နောက် မီးသတ်သမားတွေက မီးကိုထိန်းချုပ်နိုင်ခဲ့ကြ ပါတယ်။ ပေါက်ကွဲမှုကြောင့် ကလေး ၂ယောက် သေဆုံးပြီး ရှီးယိုက် ပြည်သူ့စစ် တိုက်ခိုက်ရေးသမား ၉ ယောက် အပါအဝင် လူ ၂၈ ယောက် ဒဏ်ရာရတယ်လို့ စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ပေါက်ကွဲရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ မီးသတ်သမားတွေက မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားဆဲလို့လဲ ကြေညာချက်က ပြောပါတယ်။

ဆာမာဝါမြို့နားက အီရတ်ပြည်သူ့စစ်စခန်းနားမှာ ပိုက်လိုင်းရဲ့ တိုးချဲ့ပိုက်လိုင်းက ဖြတ်သွားတယ်လို့ ဆိုပါတယ်။

ပြည်တွင်း ဓာတ်ငွေ့ပိုက်လိုင်းဟာ နိုင်ငံတောင်ပိုင်း သယံဇာတ နယ်မြေတွေက ဓာတ်ငွေ့တွေကို နိုင်ငံတောင်ပိုင်းနဲ့ မြို့တော်နားက အဓိက စွမ်းအင်စခန်းဆီကို ပေးပို့ဖို့ သွယ်တန်းထားတာလို့ အီရတ် စွမ်းအင် အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ အီရတ်ရဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်ကို သက်ရောက်မှု မရှိဘူးလို့ ဓာတ်ငွေ့ဆိုင်ရာ အရာရှိ ၂ ဦးက ပြောထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular