အေဘီအက်စ်ဒီအက်ဖ်နှင့် အစိုးရ ဘားအံတွင် ဆွေးနွေးမည်
အေးနိုင်
·
July 30, 2013
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ကရင်ပြည်နယ် ဘားအံ့မြို့မှာ လာမယ့် ဩဂုတ်လ ၂၃ ရက်နေ့ ဆွေးနွေးကြမယ်လို့ မကဒတ က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက အဆင့်ဆင့် အလွတ်သဘော တွေ့ဆုံညှိနှိုင်းခဲ့ကြပြီးနောက် နောက်ဆုံးဖြစ်ထွန်းမှု ဖြစ်ပါတယ်။ မကဒတ အနေနဲ့ နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်သလို ဆွေးနွေးပွဲရလဒ်တွေကိုလည်း တိုင်းရင်းသားပြည်သူတွေထံ တင်ပြသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ မကဒတ ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။