A d v e r t i s e m e n t With Us

ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ ကွယ်လွန်

ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီး အသက် ၉၀ အရွယ် ရှောင်ကွန်နရီဟာ အောက်တိုဘာ ၃၁ ရက်က ကွယ်လွန်ခဲ့ပါတယ်။  စကော့တလန်ပထမဝန်ကြီး နီကိုလာစတာဂျင်က "ဆာရှောင်ကွန်နရီ  သေဆုံးတဲ့ သတင်းကြောင့် များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ စကော့တလန်ရဲ့  အချစ်ရဆုံးလူတစ်ဦး သေဆုံးတဲ့အတွက် စကော့တလန်ဟာ ပူဆွေးမိပါတယ်။ ရှောင်ဟာ ကမ္ဘာကျော်မင်းသားတစ်ယောက် ဆိုပေမယ့် သူဟာ အရင်ဆုံး မျိုးချစ်ပုဂ္ဂိုလ်နဲ့ စကော့တလန် ဂုဏ်ဆောင် တစ်ဦးဖြစ်တယ်" လို့ ပြောပါတယ်။ ရှောင်ကွန်နရီဟာ အီဒင်ဘာရာ ဆင်ခြေဖုံးမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ပြီးနောက် သူဟာ ခေါင်းတလားတိုက်သူ၊ နို့ပို့သူနဲ့ သက်တော်စောင့်အလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။  အဲဒီနောက်မှာတော့ သူ့ရဲ့ ကာယဗလဝါသနာကြောင့် သရုပ်ဆောင်လိုင်းကို ရောက်ခဲ့ပြီး ကမ္ဘာကျော် သရုပ်ဆောင်တဦး ဖြစ်လာခဲ့ပါတယ်။  သူ့ကို  ဗြိတိန်ဝတ္ထုဆရာ အီယန်ဖလမ်းမင်း ဖန်တီးတဲ့ ဗြိတိသျှအေးဂျင့် 007 ဇာတ်ကောင်အဖြစ် ပထမဆုံး အမှတ်ရကြမှာ ဖြစ်ပါတယ်။  ရှောင်ကွန်နရီဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်အပြင် တခြားထင်ရှားတဲ့ ဇာတ်ရုပ်အဖြစ် ရုပ်ရှင်အများအပြား ရိုက်ကူးခဲ့ပြီး ၁၉၈၇ ခုနှစ်မှာတော့ ချီကာဂိုရဲတစ်ဦး ဇာတ်ရုပ်နဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပါတယ်။  ရှောင်ကွန်နရီ အသက် ၅၉ နှစ်အရွယ် ၁၉၈၉ ခုနှစ်မှာ People magazine က သူ့ကို "သက်ရှိထင်ရှား ဆွဲဆောင်မှု အရှိဆုံးအမျိုးသား"အဖြစ်   ဖော်ပြခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up