Monday, June 5, 2023
HomeLead Storyအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့သည့် ၂ ပွဲလုံး ဟာကင်ဇီယတ် ဂိုးသွင်းယူ

အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့သည့် ၂ ပွဲလုံး ဟာကင်ဇီယတ် ဂိုးသွင်းယူ

ချဲလ်ဆီးတိုက်စစ်မှူး ဟာကင်ဇီယက်ဟာ ဒီယေဂိုကော်စတာနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ ပထမဆုံး ပွဲထွက်ခွင့်ရတဲ့ ပွဲစဉ် ၂ ခုမှာ ဂိုးသွင်းယူပေးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

မော်ရိုကိုတိုက်စစ်မှူးဟာ ဘန်လေနဲ့ ကစားခဲ့တဲ့ စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ အေဗရာဟမ်ရဲ့ ဖန်တီးပေးမှုကနေတဆင့် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

    ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ခရက်နိုဒါအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဇီယက်ဟာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ သူဟာ ချဲလ်ဆီးအသင်းအတွက် ၃ ဂိုးမြောက်အနိုင်ဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

ဒီလိုမျိုး ပွဲထွက်ခွင့်ရတဲ့ ပထမဆုံး ၂ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဇီယက်ဟာ ချဲလ်ဆီးအသင်းမှာ တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာရေးထိုးထားတဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။ 

ကော်စတာဟာ အက်သလက်တီကိုအသင်းကနေ ချဲလ်ဆီးကို ၂၀၁၄ ခုနှစ်မှာ ပြောင်းရွေ့လာခဲ့သူဖြစ်ပါတယ်။ သူဟာ ပွဲဦးထွက်ရာသီမှာတင် အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလားဆွတ်ခူးနိုင်ခဲ့တာကြောင့် ဇီယတ်အနေနဲ့ ဒီစံချိန်ကို လိုက်မီနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။

ဇီယတ်ဟာ အိုင်းယတ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒူးဒဏ်ရာကြောင့် အသင်းနဲ့ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ဇီယတ်ဟာ သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်ကို အောက်တိုဘာ ၁၇ ရက်ဆောက်သမ်တမ်အသင်းနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ၊ ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာလည်း လူစားဝင်ကစားခဲ့ ရသူဖြစ်ပါတယ်။ 

ဘန်လေနဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုးတွေကို ဇီယတ်၊ ဗာနာနဲ့ ဇူးမားတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲကိုအနိုင်ရရှိခဲ့ပေမယ့် ပွဲမတိုင်ခင် အသင်းရဲ့သွေးပူးလေ့ကျင့်ခန်းအစီအစဉ်မှာ ချဲလ်ဆီးကွင်းလယ်လူ ပူလီဆစ်ဟာ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular