တိုင်းရင်းသားညီလာခံ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ ဦးတည်ဆွေးနွေး
အေးနိုင်
·
July 30, 2013
မြန်မာနိုင်ငံက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အမျိုးသမီး လူငယ်ထု ၁၀၀ ကျော် တက်ရောက်တဲ့ တိုင်းရင်းသားညီလာခံကို ထိုင်းနိုင်ငံ တနေရာမှာ ကျင်းပနေပါတယ်။
ဇူလိုင် ၂၉ ရက်ကနေ ၃၁ ရက်ထိ ၃ ရက်ကြာမြင့်မယ့် ညီလာခံမှာ အဓိကအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဆက်စပ်ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးနေတယ်လို့ ညီလာခံပြောခွင့်ရသူ ပဒိုစောဒေးဗစ်သာကပေါက ဒီဗွီဘီကို ပြောပါတယ်။
ညီလာခံကို အစိုးရက နိုင်ငံရေးဆွေးနွေးမယ်လို့ သဘောတူထားပြီးဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ဦးစီးကျင်းပနေတာ ဖြစ်ပါတယ်။
ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ ၃၁ ရက်နေ့ညနေကျရင် သတင်းစာရှင်းလင်းမှာ ဖြစ်ပါတယ်။ညီလာခံပြောခွင့်ရသူ ပဒိုစောဒေးဗစ်သာကပေါနဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။