Home
မြန်မာသတင်း
မသန်စွမ်းအဖွဲ့ ၈ ဖွဲ့ ပြည်ထောင်စုလွှတ်တော်တွင် လေ့လာ
အေးနိုင်
·
July 30, 2013
မသန်စွမ်းမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ ၈ ဖွဲ့က တာဝန်ရှိသူတွေဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်ကို ဇူလိုင် ၃၀ ရက်နေ့မှာ  သွားရောက်လေ့လာကြပါတယ်။ ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ အပြော၊ အကြားအာရုံနဲ့ ဥာဏ်ရည်မသန်စွမ်းမှု ၄ မျိုးကို ကိုယ်စား ပြုတဲ့ မသန်စွမ်းမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ ၈ ဖွဲ့က တာဝန်ရှိသူ ၁၆ ဦး သွားရောက် လေ့လာတာ ဖြစ်ပါတယ်။၊  ညနေပိုင်းမှာတော့ လွှတ်တော်အမတ်တွေနဲ့ နေပြည်တော်က Sky Palace Hotel ရတနာပုံခန်းမမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်အမတ်တွေ တက်ရောက်ကြမယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က လုပ်ငန်းဆောင်ရွက်ရေးဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောပါတယ်။ ညနေ ၆ နာရီကနေ ည ၉ နာရီထိ ကြာမြင့်မယ့် ဒီတွေ့ဆုံပွဲမှာ  မသန်စွမ်းသူတွေ  ဆုံးရှုံး နေရတဲ့အခွင့်အရေးတွေကိစ္စနဲ့  မသန်စွမ်းသူများဆိုင်ရာဥပဒေ မြန်မာနိုင်ငံမှာ အမြန်ဆုံး ပြဌာန်းနိုင်ဖို့အတွက် တင်ပြမယ်လို့ သူက ပြောဆိုပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံဟာ အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024