ဂျေရုဆလင်ဖွား ၁ ဦးကို မွေးဇာတိအစ္စရေးအဖြစ် အမေရိကန်က နိုင်ငံကူးလက်မှတ်ထုတ်ပေး

ဂျေရုဆလင်မှာ မွေးဖွားတဲ့ အမေရိကန်တစ်ယောက်ကို  မွေးဖွားဇာတိ ဂျေရုဆလင်အစား အစ္စရေးဆိုပြီး  အမေရိကန်အစိုးရက ပထမဆုံး အကြိမ် နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပါတယ်။  မနောကန် ဇီဗိုတော်စကီဆိုတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကို အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အောက်တိုဘာလ ၃၀ ရက်မှာ နိုင်ငံကူးလက်မှတ်ပေးအပ်ခဲ့တာပါ။ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ သမ္မတ ထရမ့်က အစ္စရေး အားပေးတဲ့ ထောက်ခံသူတွေ သဘောကျစေဖို့ မူဝါဒပိုင်းအပြောင်းအလဲ လုပ်ခဲ့ပေမဲ့ ပါလက်စတိုင်းတွေကတော့ ဒါဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်တယ်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။  အစ္စရေးနိုင်ငံ စတင်တည်ထောင်တဲ့ ၁၉၄၈ ခုနှစ်ကစလို့ အမေရိကန်အစိုးရ အဆက်ဆက်ဟာ ဂျေရုဆလင် အချုပ်အခြာပိုင်ဆိုင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတခုကို  အသိမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။  ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ သမ္မတ ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုခဲ့ပြိး  ၂၀၁၈ မှာတော့ အမေရိကန်သံရုံးကို တဲလ်အဗစ်ကနေ ဂျေရုဆလင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up