ကိုရိုနာဗိုင်းရပ်စ်ဟာ အန္တရာယ်မရှိဘူးလို့ ပြောဆိုတဲ့ ပေါ်ပြူလစ်ဝါဒီတွေဟာ အန္တရာယ်များပြီ တာဝန်ယူမှု မရှိဘူးလို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ်က အောက်တိုဘာလ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။
“တစ်ဦးနဲ့ တစ်ဦး ထိတွေ့ဆက်ဆံတာကို လျှော့ချဖို့ ကန့်သတ်ချက်အသစ်တွေဟာ လိုအပ်ပြီး မျှတမှု ရှိတယ်” လို့ ဂျာမန်အောက်လွှတ်တော်မှာ မာကယ်က ပြောဆိုခဲ့ပါတယ်။
ဂျာမန်ရွေးကောက်ပွဲ တစ်နှစ်တောင် မလိုတော့တဲ့အချိန်မှာ ဂျာမန်ပြည်သူတွေ စည်းကမ်းလိုက်နာဖို့ မာကယ်ဟာ စိတ်ဆန္ဒပြင်းပြနေပါတယ်။
ကပ်ရောဂါရဲ့ စိုးရိမ်စရာကောင်းမှုကို မေးခွန်းထုတ်တဲ့ ပေါ်ပြူလစ်ပါဒီတွေဟာ လူ့အသက်တွေ ထိခိုက်အောင် လုပ်နေတယ်လို့ မာကယ်က ပြောခဲ့ပါတယ်။
ဂျာမနီနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု ကျဆင်းတယ်ဆိုပြိး အတော်ချီးမွမ်းခံထားရပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံ အများစုလိုပဲ အခုတော့ ဂျာမနီဟာလည်း ဒုတိယလှိုင်းဒဏ် ခံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။